.......................................................................................................................... . ဝတ္ထုတို/အက်ဆေး . .......................................................................................................................... ...........................................................................................................................................................................
လပြည့်ည အိမ်ထောင်သက်(၂)နှစ်ရှိပြီဖြစ်
အောက်ထပ်မှာရှ
ကျွန်တော်ဝါသနာပါတဲ့ အတိုင်းသစ်ပင်လေးစိုက်၊ဒါန်းေ
အုပ်ဆိုင်းနေတယ်။ဒီနေ့ တန်ဆောင်တိုင်လပြည့် ညလေးပေါ့၊ဒါန်းပေါ်ထိုင်ရင်းဇနီ
လူတိုင်းပျော်ခဲ့ ကျတဲ့ ညမျိုးလေးပါပဲ၊တစ်ယောက်တလှည့် ပျော်စရာအကြောင်းပြောချင်ပေမဲ့  ဇနီးသည်ကတော့ ပျော်စရာအကြောင်းတွေ
ထုတ်မပြောဘူး မရှိခဲ့ လို့ လားပြောလို့ မရလို့ လားသူ့ မျက်နှာအပေါ်ကကြည်နူးရိပ် အတူတူထိုင်နေတဲ့ကျွန်တော့ရင်ဘတ်ပေါ်ခပ်မှိုင်းမှိုင်းကျနေေ
ကျွန်တော်တို့ ရဲ့ သားဦးလေးလန့် သွားမလား ပူပန်စိတ်တွေနဲ့ ၊တော်သေးတယ်သားလေးနိုးမသွားဘူး ညလဲနက်ပြီမို့ 
နှစ်ဦးသားအခန်းထဲကပြန်မထွက်တော်အပြေးအလွှာအိ
ရှိတဲ့မီးဝိုင်းကြီးကု
ရေနဲ့ တအားလွှဲပတ်ပေါ့  ၊ဘယ်အချိန်ကညီတွေပြန်ရောက်မှန်း သိသွားပြီးအပြေးလြာ
့ရဲစခန်းကရဲဝန်ထမ်းတဦးရောက်လာ
ကျွန်တော်တို့ လဲမီးငြိမ်းပြီဆိုတော့ဧည့် သည်တွေကိုဧည့် ခံရင်းသူတို့ မေးတာတွေဖြေရင်းပေါ့ ၊အိမ်ရှေ့ မှာရပ်ကြည့် နေတဲ့ လူထဲကတယောက်က"ဟာ"
ဟိုမှာဆိုပြီးသရက်ပင်ကိုင်းဖျားကိုလှမ်းပြတယ်
့မီးပုံးကိုဝါးလုံးနဲ့ထိုးချခိုင်းလိုက်တယ်ဝ၊ါးလုံးထိ
ယူလိုက်တော့၊စာအိတ်ထဲမှာစာ
"မီးပုံးပျံလေးရတဲ့သူကံကောင်းပါစေ" တဲ့လေ..။
..........................................................................................................................................................................
အတ္တဘဝအမှန်ဝါဒ
ပင်လယ်ထဲမှာ ခပ်မှန်မှန် ခုတ်မောင်းလာနေတဲ့ သဘော်တစင်း...အချိန်က ညသန်းခေါင်ကျော်ပြီ လမိုက်ညဖြစ်တဲ့အထဲ ကြယ်ဆိုတာတွေလဲ တလုံးတလေမှမတွေ့ ရပါဘူး....အလွန်ကိုမှောင်မိုက်နေတဲ့ ပင်လယ်နက်ထဲမှာ...သဘော်ရဲ့စက်ခုတ်မောင်းသံကလွဲလို့ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်နေတယ်......၊ ဒီအချိန်မှာပဲ..သဘော်ဦးတည်ရာအရှေ့စူးစူး အရပ်စီကနေအလင်းရောင်လေးတစက်မသဲမကွဲလှမ်းမြင်ရတယ်အဲဒီလိုမြင်တာနဲ့  တပြိုင်နက်ထဲမှာပဲ....သဘော်ရဲ့ဆက်သွယ်ရေး..မော့(စ်)စက်ထဲက.. အသံတွေထွက်လာတယ် အလင်းစက်လေးဆီကလှမ်းအချက်ပေး တာပါ..ရှေ့ ကိုဆက်မလာဖို့နဲ့ ရှောင်ကွင်းသွားဖို့ ပေါ့..၊ ဒါကို သဘော်ကိုဦးစီးတဲ့ ကပ္မတိန် က အဲဒီအလင်းစက်လေးဆီကိုအကြောင်း ပြန်တယ်..."ငါတို့ဟာစစ်သဘော်ဖြစ်တယ် တာဝန် အရသွားနေရခြင်းဖြစ်တယ်..ဒါကြောင့်ရှောင်ကွင်းမသွားနိုင်ပဲ..သင်သာငါတို့ သဘော် လာရာရှေ့ ကနေ ဖယ်ပေးပါ"လို့အကြောင်းပြန်လိုက်တယ်... အလင်းစက်လေးကို တဖြည်းဖြည်း သဲသဲကွဲကွဲမြင်လာပါပြီ...ဆက်သွယ်ရေးစက်ကနေ..အသံတွေထပ်ထွက်လာတယ် အလင်းစက်လေးစီကဒီတခါအကြောင်းပြန်လိုက်တာကတော့...."သင်အမြန်ဆုံးရှောင်ကွင်းသွားပါ...ငါဟာ..မီပြတိုက် ဖြစ်တယ်"ဆိုတာပါပဲ....။
.............................................................................................................................................. ခံစားတတ်ပါ့မလား
ကျွန်မနာမည်ထုတ်မပြောသေးဘူးနော် ဒီနာမည်ကိုအမေပေးခဲ့တာလာ မျိုးရိုးနာမည် ပါအောင်ပေးတာလား အတိအကျတော့မသိတော့ပါဘူးရှင် ...သူတို့ဗေဒင်တွက်ချက်ပြီး ပေးတာတော့ မဟုတ်နိုင်လောက်ဘူးထင်ပါတယ် ရှေးလူကြီး တွေရဲ့ ပညတ်ချက်ပေါ့..၊မိတ်ဆက်စကားကို စင်မြင့်ပေါ်ပြောရသလိုရှည်သွားပြီနော်..ရင်ဖွင့်ချင်လွန်းလို့ပါရှင်... အော်ဒါနဲ့ ကျမနေတဲနေရာလေးကိုမပြောရသေးဘူး..ကျမကလမ်းဆုံနားလေးမှာ သစ်ရိပ်ဝါးရိပ် ကောင်းကောင်းနဲ့ အခိုင်အခန့်ဆောက်ထားတာပါ....နှစ်ထပ်နော်....အောက်ထပ်ကတော့ တော်တော်လေး အေးကျတယ် အပေါ်ထပ်မှာနေတဲ့ကျမ ရဲ့ အသံကြောင့် အောက်ထပ်အခန်းလုံလေးထဲမှာ သူတို့နားညဉ်းကြမလား မသိဘူး သူတို့ကိုယ်တိုင်လဲ ကျမ ကိုသိပါ့မလားမသိ ဘူး ကျမကပဲသွားသွားခေါ်နေရတယ် သူတို့ကိုဝင်ဝင်ပြီး ခေါ်နေတာ စိတ်ဆိုရင်လဲဆိုးမှာပေါ့လေ ကျမဘာလုပ်လဲ မပြော ချင်ပဲပြောဖြစ်သွားပြီ တနေ့တနေ့ ကျမဆီကို လူပေါင်းဆယ် ဂဏန်းဝန်းကျင် ရောက်လာတတ်တယ် ဒီနေ့လူတွေ အကြောင်းမှတ်မိသလောက်ပြောပြ ပါ့မယ် နံပါ့တစ် အမြဲလာနေတဲ့ ဆိုက်ကားဂိတ်ကလူ ကျမကို သေသေချာချာတောင် မကြည့်ဘူး ကျမကို နမ်းလိုက်တာများ နိစ္စဓူဝ မမုန်းဖူးလားမသိဘူး ဒုတိယလူက လူကအံသြစရာ ဘေးမှာသူနဲ့ ပတ်သက်တဲ့ အမျိုးသမီးတယောက်ပါသေးတယ် ကျမကိုစိုက်ကြည့်ပြီး နောက်ဆုံးတော့လဲ နှုတ်ခမ်းပါးကိုနမ်းတော့တာပါပဲ သူနဲ့ပတ်သက်တဲ့အမျိုးသမီးထက်ကျမ ကိုပိုအသုံးဝင်ပုံပါပဲ နောက်တယောက်က နေ့လည်လောက်မှာရောက်လာတယ်အထုတ် အပိုးတွေနဲ့ သူ့ပစ္စည်းလေးတွေ ကျမအိမ်ပေါ်မတင်တာကံကောင်း မြေကြီးပေါ်မှာပဲချပြီး ကျမကို ဘာမပြောညာမပြော နမ်းလိုက်တာများ တခါထဲနဲ့မကျေနပ်လို့ နောက်တခါနောက်တခါ သုံးခါတိတိတောင် ကျမနှုပ်ခမ်းတွေနာကျင်သွားတဲ့ အထိ ပါပဲ ကျမကံနဲ့ ကျမပေါ့ မကြိုက်သော်လဲ အောင်ခါအနမ်းခံ လို့ စကားပုံကိုပြောင်းရမလို ဖြစ်နေပြီ .......... လူစိမ်းနှစ်ယောက် ပြီးတော့နောက်တယောက် ရောက်လာတယ် ရွာထဲကကောင်ငယ်လေး ပေါ့ သူ့ သူငယ်ချင်းတွေ နဲ့ ကစားပြီးပြန်လာတာဖြစ်မယ် ဒီလောက်ချွေးတွေနဲ့များ ကျမဆီ မရောက်ရောက်အောင် လာနိုင်သေးတယ် ကျမကိုစွဲလမ်း လို့လမ်းလို့လား ဒါမှမဟုတ် ကျမကပဲသူ့ အတွက်အဆင်ပြေနေလို့လားမသိဘူး ကောင်ငယ်လေးက သူ့ အကျင့်အတိုင်း ကျမ နှုပ်ခမ်း ကိုအားရပါးရ နမ်းပြီးရင် သူ့အားနဲ့ တွန်းချပြီး ပြေးပြေးထွက်သွားတယ် ဒီကောင်လေးချက်ချင်းကြီးပြေးထွက်သွားတာ အခန်ုမသင့်ရင် ဗိုက်အောင့်မှာ ကျမလဲမပြောချင် ပြောချင်ရင်တောင်ပြောပိုင်ခွင့် မရှိပါဘူးလေ..နောက်ထပ်လူတွေအကြောင်း မ ပြောတော့ဘူးနော် နောက်ဆုံး တယောက်အကြောင်းတော့ ပြောချင်သေးတယ် ကျမဆီ နေ့တိုင်းရောက်တဲ့သူပေါ့ ကျမနေတဲ့ နေရာနဲ့ကပ်လျက်မှာပဲ နေတဲ့လူ ကျမ အိမ်ထက်တော့ကြီးပါတယ် ညနေစောင်းရင် ကျမ အောက်ထပ်ကဟာတွေနဲ့ဘယ်မှာ တွေ့ ခဲ့လဲမသိဘူး ...သူတို့တွေကိုခေါ်ခေါ်ပြီး ရောက်လာတာလေ ရောက်ပြီဆိုရင်တော့ အောက်ထပ်ကဟာတွေကို အောက် ထပ်အထိပို့ပေး ပြီးရင်တော့ ကျမဆီကိုလာပြီ ကျမ ကိုတော့ အာရုံစိုက်ပုံရပါရဲ့ လူတွေနမ်းတဲ့ နှုပ်ခမ်းကိုလက်ကလေးနဲ့အသာ အယာပွတ်ပြီးဆေးကျောပေးတတ်ပါတယ် မတသီလို့လဲဖြစ်နိုင်ပါတယ် သူ့ ရင်ဘတ်ထဲဝင်ခွင့်မရပါဘူး သူရောက်လာပြီဆိုရင် ကျမနောက်နေ့ ရှင်သန်ခွင့် ရနေဦးမှာပါ နောက်နေ့ အတွက်ခွန်အားပါပဲ ....ကျမဆီကိုလာလို့ရပါတယ်.... သို့ .....ဦးအုန်းခိုင် ၊ ဒေါ်ဒေါ်အုံး တဆင့်......မအုန်းမှုတ်စိန်... လမ်းဆုံအနီးရေချမ်းစင်.. |
.............................................. . ကဗျာ . .............................................. .................................................................
မကျေနပ်ကြောင်းပြောခြင်း
ချုပ်ငြိမ်းခွင့်မည်သောအသူရာနတ်တွင်းသို့... ပျောက်ဆုံးခြင်းအားလုံးပို့ရမည်..... မလိုလျှင်ဝင်ထွက်မြဲတံခါးကို.ပိတ်ထားနိုင်သည် အဖြူရောင်ကားချက်..... ကန္ဒာရနွေ...... ပြီးတော့...ရမ္မက်...... ကဲ....ခဲဖျက်များအသင့်ပြင်... သူမလာခင်အမှန်တရားကိုမှတ်ပုံတင်မယ် ရနေများအခိုးခံရကြောင်းဖုန်းဆက်ပေးပါ.. နေရာဟောင်းတွေရောင်းရန်ရှိသည်...။
စေတန် since(1997) ................................................................. ................................................................. လှိုင်းဖွဲ့ အိမ်
ဝမ်းနည်လိုက်တာ....... ပြီးတော့မှလွှတ်ချလိုက်ရတယ် အန္ဒိမ အိပ်မက်ပဲ...... တကယ်ဆိုရနံတွေမလိုဘူး စံပယ်တွေကြီးခရီးထွက်မယ် မီးပြတိုက်တခုကိုရင်ထဲစိုက်ထူ ပင်လယ်ပီပီကြည်ဖြူစွာငံနေခဲ့.... ။
စေတန် (ဖျာပနတခုမှအပြန်တွင်ရေးခဲ့ခြင်းဖြစ်ပါသည်) .................................................................
လွတ်စကွတ်တွေးများ (ကဗျာဆရာထင်အောင်)
ကဗျာဆရာ"မောင်စွမ်းရည်"၏ကဗျာအား "မိုးမခ" မှ ကူးယူဖော်ပြပါသည်။ ငန်းရိုင်းသုံးကောင် ငန်းရိုင်းသုံးကောင် |
ဝေဖန်အကြံပေးစာများ ရေးနိုင်ပါသည်..။
|